ကလေးဆေးခန်း

မိဘများ၏ရင်ထဲမှာ အရေးအကြီးဆုံးက သူတို့ရင်သွေးလေးများ၏ အသက်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ရှိချိန်မှစ၍ ကလေးမွေးသည်အထိ တာဝန်ယူပေးသော မီးဖွားဆရာဝန်သာ အရေးကြီးသည် မဟုတ်ဘဲ ကလေးဆရာဝန်များလည်း အလွန်ပင်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် ကလေးအထူးကုဆရာဝန်များသည် ရင်သွေးငယ်များ မွေးဖွားပြီးသည်မှစ၍ အရွယ်မတိုင်မီအထိ မမျှော်လင့်သော အန္တရယ်များကြားမှ ကျန်းမာသန်စွမ်းလာအောင် ကာကွယ်စောက်ရှောက်နိုင်သောကြောင့် ဖြစ်သည်။

CGH ဆေးရုံရှိ ကလေးဋ္ဌာနသည် ကလေးတိုင်းမိဘတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးကြောင်း၊ ၎င်းတို့ကလေးငယ်များ၏ ခန္ဓာကိုယ်ကောင်းမွန်စွာကြီးထွာရေးနှင့် အနာရောဂါကင်းရှင်းရေးတို့မှာ အလွန်ပင်အရေးကြီးကြောင်း သိသောကြောင့် သင်၏ချစ်ရသောကလေးငယ်များအတွက် အကောင်းဆုံးစောက်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ CGH ဆေးရုံရှိကလေးအထူးကုဆရာဝန်များနှင့် အဖွဲ့ဝင်များသည် ကလေးစောက်ရှောက်မှုတွင် အတွေ့အကြုံများစွာရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှု၊ အသက်အရွယ်လိုက်ကာကွယ်ဆေးထိုးခြင်းနှင့် အကြံပြုခြင်း အပြင် ကလေးများ၏ရောဂါလက္ခဏာအရ ကောင်းမွန်စွာ ကုသပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ ကလေးဌာနတွင် ပုံမှန်ကလေးများနှင့် ထူးခြားသောကလေးများအတွက် နှစ်နေရာခွဲခြားပေးထားသည်။ ထိုအပြင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် သင်ယူမှုစွမ်းအားများကို အထောက်အကူပေးသော ကလေးကျန်းမာဖွံဖြိုးရေးဌာနကိုလည်း ထားရှိထားသည်။ မိခင်များကို သူတို့၏ရင်သွေးလေးများ အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာကြီးပြင်းလာနိုင်အောင် ကူညီပေးသည်။ CGH ဆေးရုံတွင် ကလေးများအတွက် ၂၄နာရီ အရေးပေါ်ကူညီစောင့်ရှောက်နိုင်သော ကလေးအထူးကုဆရာဝန်များကိုလည်း ထားရှိထားသည်။

ဆေးဖက်ဆိုင်ရာဝန်ဆောင်မှုများ

  • ကလေး၏အခြေအနေအရ အကောင်းဆုံးကုသပေးခြင်း
  • ကျန်းမာရေးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးပေးခြင်း
  • ကူညီထောက်ပံ့မှုလိုအပ်နေသောကလေးများအတွက် အကောင်းဆုံးနည်းဖြင့် ပံပိုးပေးခြင်းနှင့် အနာဂတ်အတွက်ထူးခြားချက်များကို ကူညီရှာဖွေပေးခြင်း

အသေးစိတ် သတင်းအချက်အလက်များ

CGH Phaholyothin
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
  • ဖုံး : +662 552 8777 ext. 311 , 312
  • အီးမေးလ် : com@cgh.co.th
CGH Saimai
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 10.00 pm
  • ဖုံး : +662 991 8999 ext. 311 , 312
  • အီးမေးလ် : smh@saimai.com

ဝန်ဆောင်မှုပေးသည့်နေရာ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top