သက်ကြီးရွယ်အိုများဆေးခန်း
သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့မှုအဖွဲ့အစည်းအတွက်မရှိမဖြစ်လိုအပ်သည့် ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော်ဤသက်ကြီးရွယ်အိုလူနာများကို ရောဂါများမှကင်းဝေးအောင်၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိလာအောင်နှင့် သူတို့၏ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ကျန်းမာအောင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်တယ်ဆိုတာ သင်သိပါသလား?
CGH ဆေးရုံရှိသက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသည် အသက်ကြီးလာသည်နှင့်အမျှ စိတ်ရောကိုယ်ပါရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နိုင်သော အပြောင်းအလဲများကို ရှင်းလင်းစွာနားလည်ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် အဓိက ကျန်းမာရေးပြသာနာများဖြစ်သော
နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ပါကင်ဆန်ရောဂါ၊ စိတ်ဖောက်ပြန်မှုရောဂါ၊ အရိုးဆက်ရောင်ရမ်းနာနှင့် အာဟာရဆိုင်ရာရောဂါများကို အကောင်းဆုံး ကုသပေးလျက်ရှိသည်။ ကျွန်ုပ်တို့၏ပြည့်စုံသောစောင့်ရှောက်မှုသည် သက်ကြီးရွယ်အိုလူနာများအတွက် အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို အလေးထားပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုအထူးပြုသူနာပြုဝန်ထမ်းများ၊ ဆေးဝါးပညာရှင်များ၊ ဇီဝကမ္မကုထုံး ပညာရှင်များက စောင့်ရှောက်ပေးလျက်ရှိသည်။
၂၄ နာရီသက်ကြီးရွယ်အိုများအတွက် ကျန်းမာစောင့်ရှောက်ရေးဝန်ဆောင်မှုများ
ကျွန်ုပ်တို့သည်သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာသန်စွမ်းသူများနှင့် မသန်စွမ်းသူများအားလုံးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထိုအထဲတွင် ပြန်လည်နာလန်ထူသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းချို့ယွင်းနေသူများ၊ လေဖြတ်ထားသူများ၊ သူငယ်ပြန်သူများ၊ ပါကင်ဆန်ရောဂါရှိသူများနှင့် အိပ်ရာနာရှိသူများ ပါ၀င်သည်။ ကျွန်ုပ်တို့ထောက်ပံ့မှုတွင် phlegm စုတ်ယူခြင်း ၀န်ဆောင်မှုများ သို့မဟုတ် အစာကျွေးမွေးရန်ပြွန်များ တပ်ဆင်ခြင်းတို့လည်းပါ၀င်သည်။ ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့တွင် အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် အမျိုးမျိုးသောဆေးကုသမှုဝန်ထမ်းများ ပါဝင်ပြီး တစ်နေ့လျှင် ၂၄ နာရီ စောင့်ရှောက်မှုများပေးနိုင်သည်။
ဆေးခန်းမှကျန်းမာရေးစောင့်ရှောက်မှုအပြင် ကျွန်ုပ်တို့၏သက်ကြီးရွယ်အိုလူနာများအား Songkran အတွင်း ဆုတောင်းခြင်း၊ အလှူပေးခြင်း၊ တေးဂီတကုထုံးနှင့် ရိုးရာလှံတံနာမ်ဒမ်ဟွာအခမ်းအနားအပါအ၀င် လှုပ်ရှားမှုများတွင်လည်း ပါ၀င်နိုင်ရန် ကူညီပေးသည်။ ထိုအပြင့် ကျွန်ုပ်တို့သည် သက်ကြီးရွယ်အိုများအားလုံးကို အိမ်တွင်နေထိုင်သဖွယ် နွေးထွေးမှုများပေးပြီး အတက်နိုင်ဆုံး ဆန္ဒများကို ဖြည့်ဆည်းပေးသည်။ ထိုမှသာ ကျွန်ုပ်တို့ကို ယုံကြည်စွာအပ်နှံထားသည့် မိသားစုဝင်များသည်လည်း စိုးရိမ်မှုများ လျော့နည်းစေနိုင်မှာဖြစ်သည်။
အသေးစိတ် သတင်းအချက်အလက်များ
- တည်နေရာ : CGH Main Building,8th floor
- ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
- ဖုံး : +662 552 8777 ext. 2829 ,2830
- အီးမေးလ် : com@cgh.co.th
စင်တာများတွင်ရှိသော ဆရာဝန်များ
Dr. Jaras Pitawiwathananont
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်Dr. Sasawan Chinratanapisit
ထူးချွန်မှု: Pediatrician, Board of Pediatric Allergy and Immunology
ရက်ချိန်းယူရန်Dr. Suwannapa Pakotiprapha
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်ဆေးဘက်ဆိုင်ရာစင်တာများ +
သတင်းလွှာကိုရယူသည်
နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်