အရေးပေါ်ခန်း

စက္ကန့်တိုင်းသည် လူတိုင်းအတွက် အလွန်ပင် အရေးကြီးပြီး စက္ကန့်ပိုင်းလေး အတွင်းမှာပင် လူတစ်ယောက်သည် အသက်ရှင်နိုင်သလို အသက်လည်း ဆုံးရှုံးသွားနိုင်သည်။ ကျွန်ုပ်တို့အတွက် အရေးပေါ် အခြေအနေတွင် ရှိနေသော လူနာများ၏အသက်ကို ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ အဓိက ဦးစားပေးပင် ဖြစ်သည်။ CGH ဆေးရုံရှိ အရေးပေါ်ခန်းကို တစ်ရက်လျှင် ၂၄ နာရီဖွင့်လှစ်ထားပြီး၊ ထိုင်းလူမျိုးများ သာမက နိုင်ငံခြားသား အရေးပေါ်လူနာများအားလုံးကိုလည်း စောင့်ရှောက်ရန် အဆင်သင့် ရှိသည်။ ကျွန်ုပ်တို့၏ အရေးပေါ်ဆရာဝန်များ၊ သူနာပြုများ၊ အထူးကုများနှင့် လေ့ကျင့်သင်ကြားထားသော ကျန်းမာရေးဝန်ထမ်းများသည် ကုသမှုပြုလုပ်ရာတွင် ventilators, pacemakers နှင့် pulmonary function tests အပါအဝင် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများကို အသုံးပြုထားပြီး ကျွန်တော်တို့ ၏ အထူးကြပ်မတ် စောင့်ရှောက်မှုတွင်လည်း အဆင့်မြင့်ဆေးဘက်ဆိုင်ရာ ဓာတ်ငွေ့ပိုက်လိုင်းစနစ်ကို တပ်ဆင်ထားသည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးများကို စဉ်ဆက်မပြတ် ကုသမှုပေးသည်။ သို့မှသာ လူနာများသည် အရင်အတိုင်း ပုံမှန်နေ့စဉ်ဘဝသို့ ပြန်သွားနိုင်ပြီး ယခင်ကကဲ့သို့ တူညီသော ဘဝအရည်အသွေးကို ခံစားနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုများ:

  • ၂၄ နာရီဝန်ဆောင်မှုပေးသောအရေးပေါ်ဆရာဝန်အဖွဲ့
  • အသက်ကယ်စောင့်ရှောက်မှုအတွက် လေ့ကျင့်သင်ကြားထားသော အရေးပေါ်သူနာပြုများအဖွဲ့
  • ၂၄ နာရီဝန်ဆောင်မှုပေးသော ခွဲစိတ်ဆရာ၀န်များ
  • ထိုင်းနှင့်နိုင်ငံခြားသားများအားလုံးအတွက် မွေးကင်းစကလေးအထူးကုဆရာဝန်
  • အထူးရဟတ်ယာဉ် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့
    • လေကြောင်း ဆေးကုသမှုဆိုင်ရာ နည်းပညာများ သင်ကြားထားခြင်း
    • ထိုင်းလူမျိုးများနှင့် ပြည်ပလူနာများအတွက် ၂၄ နာရီအရေးပေါ်စောင့်ရှောက်မှုပေးခြင်း
  • အတွင်းပိုင်းဆေးကုသမှု၊ မတော်တဆမှုနှင့် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပစ္စည်းကိရိယာများကို ပြည့်စုံစွာတပ်ဆင်ထားခြင်း

အသေးစိတ် သတင်းအချက်အလက်များ

  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Open 24 Hours
  • ဖုံး : +662 552 8777 ext. 333
  • အီးမေးလ် : com@cgh.co.th

စင်တာများတွင်ရှိသော ဆရာဝန်များ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top