ရုပ်ပိုင်းဆိုင်ရာကုထုံးဆေးခန်း

   ရုပ်ပိုင်းဆိုင်ရာကုထုံးသည် အရေးကြီးသောကုထုံးတစ်ခုဖြစ်ပြီး ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ကုသရန်၊ ပြန်လည်ထူထောင်ရန်နှင့် ကာကွယ်ရန်အတွက် ဖြစ်သည်။ လူနာများသည် ဆရာ၀န်နှင့် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များ၏ ညွှန်ကြားချက်များအရ စည်းကမ်းလိုက်နာပြီး ကုထုံးများကို တစ်သမတ်တည်း လုပ်ဆောင်ရန်လိုအပ်သည်။ CGH ဆေးရုံသည် ကိုယ်ခန္ဓာ၏ ခွန်အားနှင့်လှုပ်ရှားမှု အတိုင်းအတာကို တိုးမြှင့်ပေးသောကြောင့် ရုပ်ပိုင်းဆိုင်ရာကုထုံးတွင် အလွန်အရေးပါသည်။ လူနာများကို ခန္ဓာကိုယ်၏လှုပ်ရှားမှုများကြောင့် ယိုယွင်းပျက်စီးစေနိုင်သည့် နောက်ထပ်ဒဏ်ရာများကိုလည်း မည်သို့ကာကွယ်ရမည်ကို နားလည်အောင် ကူညီပေးသည်။

   ထို့ကြောင့် CGH ဆေးရုံရှိ ရုပ်ပိုင်းဆိုင်ရာကုထုံးဆိုင်ရာဆေးခန်းတွင် လူနာများအနေဖြင့် စိတ်ရောကိုယ်ပါ နှစ်သိမ့်မှုခံစားနိုင်ပြီး အေးဆေးတည်ငြိမ်သော ပတ်ဝန်းကျင်ရှိသည့် ဆေးခန်းကို ထားရှိထားသည်။ ကျွန်ုပ်တို့၏ ပရော်ဖက်ရှင်နယ် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များနှင့် များစွာသော ခေတ်မီ ပစ္စည်းကိရိယာ အမျိုးမျိုးဖြင့် လူနာများသည် မိသားစု၀င်တစ်ဦး သဖွယ် နွေးထွေးဖော်ရွေသော စောင့်ရှောက်မှုနှင့် အကြံဥာဏ်များကိုရရှိလိမ့်မည် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာကုထုံး၏အကျိုးကျေးဇူးများ

  • ခန္ဓာကိုယ်၏ ပစ်မှတ်ဧရိယာများတွင် နာကျင်မှုနှင့် ထုံထိုင်းမှုကို လျော့ချပေးသည်
  • ကြွက်သားများကို ပိုမိုသန်စွမ်းစေသည်
  • ကြွက်သားများကို မမှန်မကန်အသုံးပြုခြင်း သို့မဟုတ် မမှန်ကန်သော ကိုယ်ဟန် အနေအထားကြောင့် ဖြစ်ပေါ်သော အန္တရာယ်များကို လျှော့ချနိုင်သည်
  • ခန္ဓာကိုယ်ကို ပုံမှန်လည်ပတ်မှုအတိုင်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးသည်
  • နောက်ဆက်တွဲ ရောဂါများမှ ကာကွယ်ခြင်း၊ ခန္ဓာကိုယ်၏ ခွန်အားကို မြှင့်တင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးကို ပိုမိုမြန်စေသည်
  • ထပ်တလဲလဲ ဒဏ်ရာရမှုကို လျော့နည်းစေသည်

အသေးစိတ် သတင်းအချက်အလက်များ

  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
  • ဖုံး : +662 552 8777 ext. 355 , 356
  • အီးမေးလ် : com@cgh.co.th

စင်တာများတွင်ရှိသော ဆရာဝန်များ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top