နှလုံးဆေးခန်း

အကယ်၍ ကျွန်တော်တို့ဟာ လွန်ခဲ့သော ၁၀နှစ်အချိန်ကို ပြန်လည့်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ နှလုံးရောဂါဟာ အဓိကသေဆုံးရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ရောဂါရှာဖွေမှု တိုးတက်မှုများနှင့် အစဉ်အဆက် သုတေသနပြုလျက်ရှိကာ နှလုံးရောဂါများအတွက် ကုသမှုပုံစံအမျိုးမျိုး ရှိသော်လည်း ထိုင်းနိုင်ငံတွင် နှလုံးရောဂါကြောင့် သေဆုံးသူများ အစဥ်များပြားလျက်ရှိသည်။

   ကျွန်ုပ်တို့၏ဘဝတွင် နှလုံးရောဂါသည် အန္တရယ်ရှိသော ရောဂါတစ်ခုဖြစ်ပြီး နှလုံးရောဂါရှင်များလည်း တစ်နှစ်မှတစ်နှစ် တိုးပွားလာနေဆဲဖြစ်သည်။ အဓိကအကြောင်းအရင်းမှာ ကျွန်ုပ်တို့သည် မျိုးဆက်တစ်ခုအဖြစ် သက်တမ်းရှည်စွာ နေထိုင်နေကြခြင်းဖြစ်ပြီး အနောက်တိုင်းယဥ်ကျေးမှုများကို နှစ်သက်သော ထိုင်းလူမျိုးများသည် အနောက်တိုင်းနိုင်ငံသားများကဲ့သို့ မြို့ပြပုံစံနေထိုင်လာပြီး စိတ်ဖိဆီးမှုများ များစွာ ခံစားလာရသောကြောင့်လည်းဖြစ်သည်။

CGH ဆေးရုံရှိ နှလုံးဆေးခန်းသည် နှလုံးရောဂါရှိသူများကို အသေးစိတ် စောင့်ရှောက်မှုများ ပေးပြီး ကြိုတင်ကာကွယ်ခြင်း၊ အစောပိုင်းတွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် နှလုံးကျန်းမာရေး ပြန်လည်ထူထောင်ခြင်း အစီအစဉ်များ အပါအ၀င် ပြည့်စုံသော စောင့်ရှောက်မှုပေးလျက်ရှိသည်။ ဤစောင့်ရှောက်မှုကို ကျွန်ုပ်တို့၏ နှလုံးအထူးကုဌာနများ၌ လေ့ကျင့်သင်ကြားပေးသော ကျွန်ုပ်တို့၏ ကျွမ်းကျင်သော နှလုံးအထူးကုအဖွဲ့မှ ဦးဆောင်လျက်ရှိသည်။ ထို့အပြင် နှလုံးရောဂါဆိုင်ရာနယ်ပယ်တွင် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ကျွမ်းကျင်သော နှလုံးအထူးကု ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိသည်။

ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ

  • နှလုံးရောဂါရှာဖွေခြင်း
  • နှလုံးရောဂါကုသခြင်းနှင့် နှလုံးခွဲစိတ်ကုသခြင်း
  • အမျိုးမျိုးသောနှလုံးရောဂါခွဲစိတ်ကုသခြင်း

နှလုံးရောဂါရှာဖွေခြင်း

  • Electrocardiogram (ECG) ရိုက်ခြင်း
  • Echocardiogram (EKG) ရိုက်ခြင်း
  • လေ့ကျင့်ခန်းစိတ်ဖိစီးမှုစစ်ဆေးခြင်း
    • Dobutamine စိတ်ဖိစီးမှု echocardiography (လေ့ကျင့်ခန်းမလုပ်နိုင်သောလူနာများ)
  • ၂၄ နာရီစောင့်ကြပ်ကြည့်ရှုမှုနှင့် မူမမှန်မှု များကို စစ်ဆေးခြင်း
  • (Multidimensional) အစာပြွန်စစ်ဆေးခြင်း
  • Electrocardiogram နှလုံးစည်းချက်မမှန်ခြင်းများကို စစ်ဆေးခြင်း
  • နှလုံးပြွန်များမှတဆင့်ရောဂါရှာဖွေခြင်း
  • နှလုံးသွေးကြောဆိုင်ရာရောဂါရှာဖွေခြင်း
  • Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း
  • အဆုတ်သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း

နှလုံးရောဂါကုသမှုများ


နှလုံးခုန်နှုန်း မမှန်ခြင်းရောဂါ

  • Installation of automatic implantable cardioverter defibrillator (AICD)
  • Installation of pacemaker and cardiac resynchronization therapy (CRT/CRTD)
  • Treatment of arrhythmia with installation of pacemaker
  • Treatment of arrhythmia in the form of radiofrequency catheter ablation

နှလုံးသွေးကြောကျဉ်းရောဂါ

  • ပိတ်ဆို့နေသည့်သွေးလွှတ်ကြောများကို ချဲ့ထွင်ရန်စတန့်တပ်ဆင်ခြင်း
  • Aortic aneurysms များအတွက်ကုသမှု
  • ဝမ်းဗိုက် aortic aneurysms ၏ခွဲစိတ်ပြုပြင်ခြင်း
  • ဝမ်းဗိုက် aortic aneurysms ကုသရန် Endoscopic ပြသခြင်း
  • Toracic aortic aneurysms ကိုကုသရန် Endoscopic catheterization

မွေးရာပါနှလုံးရောဂါ

  • မွေးရာပါနှလုံးရောဂါကုသရန် နှလုံးပိုက်ထည့်ခြင်း
  • Ductus arteriosus ခွဲစိတ်ကုသခြင်း
  • နှလုံးအပေါ်ခန်းချို့ယွင်းခြင်းကိုခွဲစိတ်ကုသခြင်း နှင့် သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း ကိုခွဲစိတ်ကုသခြင်း
  • ရှုပ်ထွေးသောမွေးရာပါနှလုံးချို့ယွင်းမှုအတွက်နှလုံးသွေးလွှတ်ကြောပြုပြင်ခွဲစိတ်ခြင်း

နှလုံးအဆို့ရှင်ရောဂါ

  • နှလုံးအဆို့ရှင်ပြုပြင်ခွဲစိတ်ကုသခြင်း
  • ပင်မသွေးလွှတ်ကြော အဆို့ရှင်အစားထိုးကုသခြင်း
  • Transcatheter အဆို့ရှင်အစားထိုးကုသခြင်း (TAVI)

နှလုံးသွေးကြောဆိုင်ရာရောဂါ

  • Percutaneous coronary intervention (PCI)
  • နှလုံးသွေးကြော ခွဲစိတ်ကုသခြင်း (CABG)

အသေးစိတ် သတင်းအချက်အလက်များ

CGH Phaholyothin
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am 8.00 pm
  • ဖုံး : +662 552 8777 ext. 322 , 323
  • အီးမေးလ် : com@cgh.co.th
CGH Saimai
  • တည်နေရာ : CGH Main Building,3rd floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
  • ဖုံး : +662 991 8999 ext. 1320 , 1321
  • အီးမေးလ် : smh@saimai.com

ဝန်ဆောင်မှုပေးသည့်နေရာ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top