နား၊ နှာခေါင်း နှင့်လည်ချောင်း (ENT) ဆေးခန်း

   CGH ဆေးရုံရှိ နား၊ နှာခေါင်းနှင့်လည်ချောင်း(ENT) ဆေးခန်းသည် အရွယ်ရောက်ပြီးသူများနှင့် ကလေးများအတွက် နား၊ နှာခေါင်းနှင့်လည်ချောင်း အခြေအနေများအတွက် ရောဂါရှာဖွေခြင်း နှင့် ကုသခြင်းများကို ဝန်ဆောင်မှုပေးသည်။ အထူးကျွမ်းကျင်သော ENT ဆရာဝန်များနှင့် ကောင်းမွန်စွာ လေ့ကျင့်ထားသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အတူ နား၊ နှာခေါင်းနှင့်လည်ချောင်း ပြသာနာရှိသော လူနာများကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက် အကြံဥာဏ်များပေးခြင်း ၊ ဆွေးနွေးခြင်း နှင့် ခွဲစိတ်ကုသမှုများကို အကောင်းဆုံး ပြုလုပ်ပေးလျက်ရှိသည်။ အထိရောက်ဆုံးသော ၀န်ဆောင်မှုကို ပေးနိုင်ရန်အတွက် နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို အသုံးပြုပြီး နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အသံအိုး (larynx) များကို စစ်ဆေးခြင်း၊ အကြားအာရုံစစ်ဆေးမှု နှင့်နားအလယ် (tympanic cavity) စစ်ဆေးခြင်းများကို ပြုလုပ်ပေးသည်။

ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ

  • နား၊ နှာခေါင်းနှင့် လည်ချောင်းအခြေအနေများကို စစ်ဆေးခြင်းနှင့်ကုသခြင်း
  • နှာခေါင်းအမြှေးပါးရောင်ခြင်း နှင့် ထိပ်ကပ်နာရောဂါများကို ကုသခြင်း
  • အသံအိုးအခြေအနေများ၊ အက်စစ်ပြန်စီးခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းကိုကုသခြင်း
  • နား၊ နှာခေါင်း နှင့် လည်ချောင်းကင်ဆာရောဂါတို့ကို ရှာဖွေခြင်း
  • အလယ်နားအနေအထားကိုစစ်ဆေးခြင်း
  • နား၊ နှာခေါင်းနှင့်လည်ချောင်း အလုံးများကိုကုသခြင်း
  • နှာခေါင်းတွင်းလေအိတ်ခေါင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အသံအိုးများကို မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်း
  • မူးဝေခြင်းကို ကုသခြင်း
  • Audiogram သုံးပြီး အကြားအာရုံကိုစစ်ဆေးခြင်း
  • Tympanogram သုံးပြီးအလယ်နားစစ်ဆေးခြင်း
  • အကြားအာရုံအထောက်အကူပစ္စည်းစစ်ဆေးခြင်း
  • ENT ခွဲစိတ်ကုသမှုဖြစ်သည့် tonsillectomy နှင့် / သို့မဟုတ် adenoidectomy, endoscopic sinus ခွဲစိတ်မှုများ ပြုလုပ်ပေးခြင်း
  • သိုင်းရွိုက် အကျိတ်ခွဲစိတ်ခြင်း (thyroidectomy), parotidectomy, လည်ပင်း အကျိတ်ခွဲစိတ်ခြင်း
  • နားရွက်၊ နှာခေါင်းနှင့်လည်ချောင်းမှ မလိုအပ်သည့် အရာဝတ္ထုများကိုဖယ်ထုတ်ခြင်း

အသေးစိတ် သတင်းအချက်အလက်များ

CGH Phaholyothin
  • တည်နေရာ : CGH Main Building,2nd floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 6.00 pm
  • ဖုံး : +662 552 8777 ext. 2225 , 2226
  • အီးမေးလ် : com@cgh.co.th
CGH Saimai
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 8.00 pm
  • ဖုံး : +662 991 8999
  • အီးမေးလ် : smh@saimai.com

ဝန်ဆောင်မှုပေးသည့်နေရာ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top