ပလပ်စတစ်ဆာဂျယ်ရီဆေးခန်း

CGH ဆေးရုံရှိ ပလပ်စတစ် ဆာဂျယ်ရီ ဆေးခန်းသည် များစွာသော ခွဲစိတ်မှုလုပ်ငန်းစဉ်များကိုပေးပြီး ထိုင်းလူမျိုးများ သာမက နိုင်ငံခြားသားများကိုပါ ဝန်ဆောင်မှုပေးနေပါသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ပိုမိုလှပစေပြီး ထိုမှတစ်ဆင့်ကိုယ်ကိုကိုယ် ရုပ်ကြည်မှု အပြည့်ရှိစေရန်နှင့် မွေးရာပါ ရုပ်ရည်ချို့ယွင်းသောပြဿနာများဖြစ်သည့် မျက်နှာအသွင်အပြင်မှုမမှန်မှုများ၊ ပုံပန်းသဏ္ဌာန် ချို့ယွင်းမှုများနှင့် လက်အင်္ဂါချို့ယွင်းမှုများကိုပါ ကုသနိုင်သည်။ ထိုအပြင် လက်ဒဏ်ရာကုသခြင်း၊ မတော်တဆမှုများမှ ဒဏ်ရာအမျိုးမျိုးကိုကုသခြင်း၊ မျက်နှာပြင်ဒဏ်ရာ၊ မျက်နှာရှိအရိုးများနှင့် မေးရိုးပြသာနာများကိုလည်း ကုသပေးနိုင်သည်။ လက်ချောင်းလေးများ၊ အာရုံကြောများနှင့် သွေးကြောများ အစားထိုးကုသခြင်းများအတွက် microsurgery ဟုခေါ်သော အသေးစိတ်ခွဲစိတ်မှုများကိုလည်း ဝန်ဆောင်မှုပေးသည်။
ပလပ်စတစ်ဆာဂျယ်ရီခွဲစိတ်ကုသမှုဆေးခန်းတွင် စောင့်ရှောက်မှုနှင့်ကုသမှုအားလုံးကို အတွေ့အကြုံရှိသော ခွဲစိတ်ဆရာ၀န်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိသည်။ အဖွဲ့ဝင်များ အားလုံးသည် အရည်အချင်းပြည့်ဝပြီး မခွဲစိတ်ခင်ကာလ နှင့် ခွဲစိတ်ပြီးကာလအတွင်း ပလပ်စတစ် ဆာဂျယ်ရီ ခွဲစိတ်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ကောင်းမွန်စွာ ရှင်းပြနိုင်ပြီး အကြံဉာဏ်များကိုလည်း ကောင်းစွာပေးနိုင်သည်။


ကျွန်ုပ်တို့၏ပလပ်စတစ်ဆာဂျယ်ရီခွဲစိတ်မှုဝန်ဆောင်မှုများသည် အောင်မြင်ရန်အလို့ငှာ ရှုထောင့်တိုင်းကို အသေးစိတ်နှင့်နားလည်အောင် ကြိုးစားပြီး လူနာများ၏ ယုံကြည်မှုမြှင့်တင်အောင် အကောင်းဆုံး ခွဲစိတ်ကုသပေးသည်။
- မျက်ရစ်ဖော်ခြင်း၊ မျက်ခုံး၊ မျက်ခမ်း ပိုမိုလှပအောင် ခွဲစိတ်ခြင်း၊ လျော့ကျနေသော မျက်လုံးများ ခွဲစိတ်ခြင်း
- နှာခေါင်းပြုပြင်မှုအမျိုးမျိုး
- မျက်နှာအရေပြား၊ နဖူး နှင့် လျော့ကျနေခြင်းများအတွက် ခွဲစိတ်ခြင်း
- ရင်သားကြီးအောင် နှင့် သေးအောင် ခွဲစိတ်နိုင်ခြင်း
- နှုတ်ခမ်းခွဲစိတ်ခြင်း နှင့် အဆီဖယ်ရှားခြင်း အမျိုးမျိုး ဥပမာ မေး၊ ဗိုက်၊ တင်ပါးဆုံရိုး၊ ပေါင် နှင့် လက်မောင်း
- ဝိတ်လျော့အောင် အစာအိမ်ကိုခွဲစိတ်ခြင်း
အသေးစိတ် သတင်းအချက်အလက်များ
- တည်နေရာ : CGH Main Building,1st floor
- ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 6.00 pm
- ဖုံး : +662 552 8777 ext. 334
- အီးမေးလ် : com@cgh.co.th
စင်တာများတွင်ရှိသော ဆရာဝန်များ
Dr. Jaras Pitawiwathananont
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်Dr. Sasawan Chinratanapisit
ထူးချွန်မှု: Pediatrician, Board of Pediatric Allergy and Immunology
ရက်ချိန်းယူရန်Dr. Suwannapa Pakotiprapha
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်ဆေးဘက်ဆိုင်ရာစင်တာများ +
သတင်းလွှာကိုရယူသည်
နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်